Monday, January 21, 2008

သွေးမလှူဒါန်းနိုင်သည့်လူများအတွက် အခြားကူညီနိုင်မည့်နည်းလမ်းများ

အကြောင်းအမျိုးမျိုးကြောင့် သွေးမလှူဒါန်းနိုင်သူများအနေဖြင့် သွေးလှူဒါန်းသူများ သွေးအားပြန်လည်ဖြည့်တင်းရန် အာဟာရ၊ ငွေများ၊ ဆေးပစ္စည်းများ၊ သွေးလှူရှင်များအတွက် အမှတ်တရတံဆိပ်များ၊ ကဒ်ပြားများ၊ သွေးအားတိုးဆေးများကို ပါဝင်ကုသိုလ်ပြု လှူဒါန်းနိုင်ပါသည်။

၎င်းအပြင် နယ်ဝေးမှ လာရောက်လှူဒါန်းကြသူများအတွက် သွားလာရေးအဆင်ပြေစေရန် ကားစရိတ်၊ စားသောက်စရိတ်၊ တူညီဝတ်စုံစရိတ် စသည်များဖြင့် တစ်ဖက်တစ်လမ်းမှ ပါဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ပါသည်။

ရင်ခုန်သံသွေးလှူရှင်အသင်း

No comments: