အရင်တုန်းကတော့ သွေးလှူတာ ကြောက်ဖို့ကောင်းတယ်ပေါ့ (အရပ်စကားပေါ့လေ၊ ယုံခဲ့မိတယ်)။ တကယ်တမ်းမှတော့ သွေးလှူရတာ လွယ်လွယ်လေးပါ။ ဘာမှလည်း ကြောက်စရာမလိုပါဘူး။
(၁) မှတ်ပုံတင်ခြင်းမှတ်ပုံတင် (သို့) သွေးလှူရှင်ကတ် ယူဆောင်လာရမည်။ ကျန်းမာရေးအတွက် စစ်ဆေးသော မေးခွန်းလွှာများ ဖြေဆိုရပါမည်။ သွေးနီအား(Hemo- globin) ပြည့်၊ မပြည့် စမ်းသပ်ပါမည်။
(၂) ကျန်းမာရေး စစ်ဆေးခြင်းဆရာဝန်မှ ဖြေဆိုခဲ့သော မေးခွန်းလွှာပါ အချက်အလက်များကို စစ်ဆေးပေး မည်။ အချို့အချက်အလက်များကို သေချာအောင် ပြန်လည်မေးမည်။ သွေးပေါင်ချိန်ခြင်း၊ နှလုံးခုန်မှုများ စစ်ဆေးမည်။
(၃) သွေးလှူဒါန်းခြင်း အတွေ့အကြုံရှိပြီး သူနာပြုများနှင့် ကျွမ်းကျင်သူဝန်ထမ်းများမှ သွေးထုတ်ယူမည်။ သွေးထုတ်ယူသည့် ပစ္စည်းများ၊ အပ်များသည် တစ်ခါသုံးများသာ ဖြစ်ပါသည်။
(၄) အနားယူခြင်းနှင့် အာဟာရ ပြန်လည်ဖြည့်တင်းခြင်း သွေးလှူပြီးနောက် (၁၅) မိနစ်ခန့် အနားယူ၍ အာဟာရ အနည်းငယ်ဖြည့်တင်းပြီးမှ သွေးလှူဘဏ်မှ ထွက်ခွာပါ။
မလှူဖြစ်သေးခဲ့လျှင် သင်လည်း လှူဖြစ်အောင် ကြိုးစားပါ။ ကြိုဆိုလျက်ပါ။
No comments:
Post a Comment